SO (အထူးအမိန့်) သွင်းကုန်ကြေငြာလွှာနှင့်အတူပူးတွဲပါရှိရမည့် စာရွက်စာတမ်းများ

အထူးအမိန့်ဖြင့် ထုတ်ယူခွင့်လျှောက်ထားရာတွင် ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူ၍ သက်ဆိုင်ရာပစ္စည်းများ ထုတ်ယူရန်အတွက် သွင်းကုန်ကြေငြာလွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ တင်ပြရပါမည် -

(၁) သွင်းကုန်လိုင်စင်မူရင်း/ သွင်းကုန်ပါမစ်မူရင်း
(၂) သင်္ဘော/ လေယာဉ်ကုန်တင် တန်ဆာမူရင်း /မိတ္တူ
(၃) ကုန်တန်ဖိုးစာရင်းမူရင်း
(၄) ကုန်ထုပ်ပိုးစာရင်း
(၅) အခြားလိုအပ်သည့်စာရွက်စာတမ်းများ ( ဥပမာ − အစားအသောက်နှင့်ဆေးဝါးဖြစ်ပါက FDA Certificate )
(၆) ကတိဝန်ခံချက်(ဌာန/အဖွဲ့အစည်း၏ အကြီးအကဲကိုယ်တိုင် ပစ္စည်းများ ထုတ်ယူပြီး ရက်ပေါင်း(၃၀)အတွင်း အပြီးသတ်ရှင်းလင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လက်ခံရေးထိုးထားသည့် ခံဝန်ကတိ လျှောက်လွှာ)